ကြေညာချက်အကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ အောက်တိုဘာ ၂၅
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ အတွင်း Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် အခမ်းအနားတက်ရောက်လိုကြောင်း လျှောက်ထားလာသူများနှင့် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၂၃၂) ဦးသည် အခမ်းအနား တက်ရောက်ရမည်ဖြစ်ပါသည်။
(၃၁-၁၀-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့် ရရှိသူ (၂၃၂) ဦးသည် (၂၇-၁၀-၂၀၂၃) ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားနှင့် (၃၁-၁၀-၂၀၂၃) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားတို့ကို တက်ရောက်ရမည် ဖြစ်ပါသည်။
အခမ်းအနားနှင့် ပတ်သက်သည့် Zoom Application အသုံးပြုနည်း၊ ID နှင့် Passcode၊ ကတိသစ္စာပြုလွှာတို့ကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့် ရရှိသူများသည် ပူးတွဲပါစည်းကမ်းများ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။
ကြေညာချက် PDF ဖိုင်
PDF ဖိုင်ကို ဖွင့်ကြည့်ရန် သို့မဟုတ် ဒေါင်းလုဒ်ရယူရန်