Announcement

Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်

ကြေညာသည့်ရက် 03 Apr 2024 PDF ဖိုင်ပါရှိသည်

ကြေညာချက်အကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊  ဧပြီ  ၃

၂၀၂၄ ခုနှစ်၊ ဧပြီလ အတွင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် အခမ်းအနားတက်‌ရောက်လိုကြောင်း လျှောက်ထားလာသူများနှင့် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၂၄၉) ဦးသည်  အခမ်းအနား တက်ရောက်ရမည်ဖြစ်ပါသည်။                   

(၁၁-၄-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့် ရရှိသူ (၂၄၉) ဦးသည် (၁၀-၄-၂၀၂၄) ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားနှင့် (၁၁-၄-၂၀၂၄) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတို့ကို တက်ရောက်ရမည်ဖြစ်ပါသည်။

အခမ်းအနားနှင့် ပတ်သက်သည့် Zoom Application အသုံးပြုနည်း၊ ID နှင့် Passcode၊ ကတိသစ္စာပြုလွှာ တို့ကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် ပူးတွဲပါစည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

PDF

ကြေညာချက် PDF ဖိုင်

PDF ဖိုင်ကို ဖွင့်ကြည့်ရန် သို့မဟုတ် ဒေါင်းလုဒ်ရယူရန်

PDF ဒေါင်းလုဒ် ↓
AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။