Announcement

နိုတြီပဗ္ဗလစ်ဆောင်ရွက်လျက်ရှိကြောင်း စိစစ်အတည်ပြုပြီးသူများ၏ အမည်စာရင်းကြေညာချက်

ကြေညာသည့်ရက် 12 Aug 2024

ကြေညာချက်အကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ သြဂုတ် ၁၂

         

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website www.unionsupremecourt.gov.mm တွင် ရှေ့နေရှေ့ရပ်ကိစ္စရပ်များအတွက် ကဏ္ဍတစ်ရပ်ထား၍ သတင်းအချက်အလက်များ ဖော်ပြပေးရန် ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၂ခုနှစ်၊မတ်လနှင့်အောက်တိုဘာလတို့တွင် ပြုစုခဲ့သည့်စာရင်းများအရ နိုတြီပဗ္ဗလစ် (Notary Public) အဖြစ် ခန့်ထားပြီးသူများအနက် လက်ရှိဆောင်ရွက်လျက်ရှိကြောင်း စိစစ်အတည်ပြုပြီးသူများ၏ အမည်စာရင်းကို ယင်းကဏ္ဍတွင် ဖော်ပြထားပါသည်။ အမည်စာရင်းပါ ဖော်ပြချက်များနှင့်စပ်လျဉ်း၍ ပြင်ဆင်/ ဖြည့်စွက်ရန်ရှိပါက ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ရှေ့နေရှေ့ရပ် နှင့် စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူး၏ khinkhinhtwe@usc.gov.mm သို့ ခန့်အပ်စာအပါအဝင် သက်ဆိုင်သည့်အချက်အလက်များနှင့်တကွ ၃၀-၉-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

 

အမည်စာရင်းကြည့်ရှုရန်

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။