Announcement

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြုလုပ်မည့် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ တက်ရောက်ရန် ကြေညာချက်

ကြေညာသည့်ရက် 05 Apr 2021 PDF ဖိုင်ပါရှိသည်

ကြေညာချက်အကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာလ ၃၀

၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်မည့် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် အောက်ဖော်ပြပါ ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော် ရှေ့နေတံဆိပ်ခေါင်း ပေးသွင်းပြီးသူ (၁၀) ဦး၊ ယခင်အခမ်းအနားပျက်ကွက်မှ ပြန်လည် တက်ရောက်ရန် တင်ပြထားသူ (၅) ဦး နှင့် ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော် ရှေ့နေတံဆိပ်ခေါင်း ပေးသွင်းရမည့်သူ (၂၉၉) ဦး စုစုပေါင်း (၃၁၄) ဦး ၏ အမည်စာရင်းအား ယနေ့ ထုတ်ပြန် ထားပါသည်။

တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ဝင်ကြေးငွေကျပ် ၁၀၀၀ဝိ/-၊ နှစ်စဥ်ကြေး ငွေကျပ် ၅၀၀ဝိ/- နှင့် လွှတ်တော်ရှေ့နေ တံဆိပ်‌ခေါင်း ၃၀၀၀ဝိ/-တန် ဝယ်ယူရန်ငွေ၊ စုစုပေါင်း ၄၅၀၀ဝိ/- ကျပ်တို့ကို တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ငွေစာရင်း/ ငွေလွှဲစာရင်း အကောင့်အမည် BAR COUNCIL of MYANMAR @ KBZ NPT-1 ၊ အကောင့်အမှတ် 03412603402511301 သို့ သတ်မှတ်သည့်ရက် မတိုင်မီတွင် ငွေပေးသွင်းရပါမည်။

အခမ်းအနားတက်ရောက်လိုသူများသည် Email-Lawyerlicence@usc.gov.mm သို့ ပူးတွဲပါပုံစံဖြင့် လျှောက်ထားရန်နှင့် လျှောက်ထားသူများသည် အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခဲ့ပြီးသည့် နေ့ရက်မှစ၍ စဉ်ဆက်မပြတ် သက်တမ်းတိုးမြှင့်ထားသည့် အထက်တန်းရှေ့နေလိုင်စင် မူရင်းများ အားလုံး နှင့် တရားလွှတ်တော်ရှေ့နေများကောင်စီမှ ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်းများကို ၁၁-၁-၂၀၂၁ ရက်နေ့ မတိုင်မီတွင် ပြည့်စုံစွာ တင်ပြလာမှသာလျှင် အခမ်းအနားတက်ရောက် ခွင့်ပြုမည် ဖြစ်ပါသည်။

PDF

ကြေညာချက် PDF ဖိုင်

PDF ဖိုင်ကို ဖွင့်ကြည့်ရန် သို့မဟုတ် ဒေါင်းလုဒ်ရယူရန်

PDF ဒေါင်းလုဒ် ↓
AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။