Announcement

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ Sanctions List အား ပေးပို့ဖြန့်ဝေခြင်း

ကြေညာသည့်ရက် 27 Jan 2025

ကြေညာချက်အကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ဇန်နဝါရီ ၂၇

ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၁၇၁၈(၂၀၀၆)အရ ဖွဲ့စည်းတည်ထောင်ထားရှိသည့် လုံခြုံရေးကောင်စီ၏ ၁၇၁၈ Sanctions Committee သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ယင်း၏ Sanctions List တွင် သီးသန့်မျဉ်းသားဖော်ပြချက်များ၊ ပြင်ဆင် ရေးသွင်းချက်တို့နှင့်အတူ ပြင်ဆင်ချက်များထုတ်ပြန်ခဲ့ပါသည်။

သို့ဖြစ်၍ အားလုံးသောရှေ့နေရှေ့ရပ်များ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက် မွေးဝမ်း ကျောင်းပြုသူများအနေဖြင့် UNSCR ၏   updated Sanctions list အပေါ်မိမိတို့၏ အမှုသည်များကို စစ်ဆေးကြပ်မတ်၍ စာရင်းတွင်ပါဝင်သော သတ်မှတ်ကြေညာခြင်း ခံရသည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ပေါ်ပေါက်တွေ့ရှိပါက ယင်းတို့၏ ငွေကြေးနှင့် အခြားသောပိုင်ဆိုင်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် သတင်းပေးပို့ရန် ညွှန်ကြားပါသည်။

ကြီးကြပ်ရေးအာဏာပိုင်

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။