Announcement

ပြည်ထောင်စုတရားလွှတ်တော်ချုပ် AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၅) ခုနှစ် ထုတ်ပြန်ကြေညာခြင်း

ကြေညာသည့်ရက် 01 Jul 2025 PDF ဖိုင်ပါရှိသည်

ကြေညာချက်အကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇူလိုင် ၁

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့်အညီ  ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်ရန် နှစ်အလိုက် လုပ်ငန်းအစီအစဉ်များရေးဆွဲထားသည့် “ ပြည်ထောင်စုတရားလွှတ်တော်ချုပ် AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၅) ခုနှစ် ”  ကို ထုတ်ပြန်ကြေညာပါသည်။  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ ဌာနအသီးသီးက ဆောင်ရွက်ကြရမည့် အစီအစဉ်များကို လည်းကောင်း၊ သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေ၊ နိုတြီပဗ္ဗလစ်၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက တာဝန်ခံဆောင်ရွက်ရမည့် အချက်များနှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်သည့် အစီအစဉ်များတွင် သတင်းပို့အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် ရမည့်အချက်များကိုလည်းကောင်း သိရှိလေ့လာ ဆောင်ရွက်ကြရန် ဖြစ်ပါသည်။

 

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး

PDF

ကြေညာချက် PDF ဖိုင်

PDF ဖိုင်ကို ဖွင့်ကြည့်ရန် သို့မဟုတ် ဒေါင်းလုဒ်ရယူရန်

PDF ဒေါင်းလုဒ် ↓
AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။