Announcement

၂၀-၂-၂၀၂၆ ရက်နေ့တွင်ပြုလုပ်မည့် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်

ကြေညာသည့်ရက် 28 Jan 2026

ကြေညာချက်အကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇန်နဝါရီ   ၂၈  

အထက်တန်းရှေ့နေ လျှောက်ထားသော လျှောက်လွှာပြည့်စုံသူ အောက်ပါအလုပ်သင်ရှေ့နေ (၈၆) ဦးတို့သည် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့    တက်ရောက်ရမည်ဖြစ်ပါသည်။

(၂၀-၂-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၈၆) ဦးသည် (၁၉-၂-၂၀၂၆) ရက်နေ့တွင် ပြုလုပ်မည့် ရှေ့နေကျင့်ဝတ်သိက္ခာ နှင့် AML/CFT ဆိုင်ရာအသိပညာ‌ပေးသင်တန်း နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်းကို လည်းကောင်း၊  (၂၀-၂-၂၀၂၆) ရက်နေ့တွင် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ်ပေးအပ်ပွဲကိုလည်းကောင်း တက်ရောက်ရမည် ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

 

အမည်စာရင်းအားကြည့်ရှုရန်

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။