ကြေညာချက်အကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ မတ် ၂၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၂၅-၅-၂၀၂၀ ရက်စွဲပါစာအမှတ် ၁၃၆/စု-၃၅/၂၀၂၀ (လထန) ဖြင့် ထုတ်ပြန်သည့် "ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ (၁၈၇၂ ခုနှစ်) အရ ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်လျှောက်ထားခြင်းနှင့် ထိမ်းမြားခြင်းဆောင်ရွက်ရာတွင်လိုက်နာရန်ကြေညာချက်" တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဝက်ဘ်ဆိုဒ် www.unionsupremecourt. gov.mm တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယခု ဆက်လက်၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၁၇-၃-၂၀၂၆ ရက်စွဲပါ စာအမှတ် ၁၁၁/စု-၃၉/၂၀၂၆(လထန) ဖြင့် “ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက် ဥပဒေအရ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရသူများနှင့် ထိမ်းမြားမှုမှတ်ပုံတင်အရာရှိများ လိုက်နာရန်ကိစ္စ” ကြေညာချက်အား သိရှိနိုင်ပါရန် ထုတ်ပြန်ပါသည်။
ကြေညာချက်အားဖတ်ရှုရန်