Announcement

Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်မည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ

ကြေညာသည့်ရက် 13 Dec 2021 PDF ဖိုင်ပါရှိသည်

ကြေညာချက်အကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ  ၁၃

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် အခမ်းအနားတက်‌ရောက်လိုကြောင်း လျှောက်ထား လာသူများနှင့်  အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၂၉၅) ဦး သည်  အခမ်းအနား တက်ရောက်ရမည်ဖြစ်ပါသည်။

အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၂၉၅) ဦး သည် (၁၉-၁၂-၂၀၂၁) ရက်နေ့တွင် အကြိုအခမ်းအနား နှင့် (၂၁-၁၂-၂၀၂၁) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲအခမ်းအနားတို့ကို တက်ရောက်ရမည်ဖြစ်ပါသည်။

အခမ်းအနားကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ e-Government ဌာန၏ Zoom Account တွင် တက်ရောက်နိုင်သည့် ကန့်သတ်အရေအတွက်အရ တက်ရောက်ရမည့်သူ အရေအတွက်ကို သတ်မှတ်စီစဉ်ဆောင်ရွက်ရပါသည်။ ပဉ္စမအကြိမ် အခမ်းအနားတက်ရောက်ရန် အတွက် တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ဝင်ကြေးပေးသွင်း၍ တရားလွှတ်တော် တံဆိပ်‌ခေါင်း ထမ်းဆောင်ထားသူ (၃၀၉) ဦးအနက် အခမ်းအနားတက်ရောက်ရန် အမည်စာရင်း မပါဝင်သေးသည့်သူ (၁၄) ဦးကို ဆဌမကြိမ်အခမ်းအနားတွင် ဆက်လက်ပေးအပ်ရန် စီစဉ် ဆောင်ရွက်ထားပါသည်။ 

အခမ်းအနားနှင့် ပတ်သက်သည့် Zoom Application အသုံးပြုနည်း၊ ID နှင့် Password နံပါတ်၊ ကတိသစ္စာပြုလွှာတို့ကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် ပူးတွဲပါ စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

PDF

ကြေညာချက် PDF ဖိုင်

PDF ဖိုင်ကို ဖွင့်ကြည့်ရန် သို့မဟုတ် ဒေါင်းလုဒ်ရယူရန်

PDF ဒေါင်းလုဒ် ↓
AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။