Announcement

အထက်တန်းရှေ့နေလိုင်စင် လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာချက်

ကြေညာသည့်ရက် 15 Dec 2021 PDF ဖိုင်ပါရှိသည်

ကြေညာချက်အကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ  ၁၅

၂၀၂၁ ခုနှစ်၊ မေလ အတွင်း ရှေ့နေအလုပ်သင်ကင်းလွတ်ခွင့်ဖြင့် အထက်တန်းရှေ့နေ (မင်နီမှတ်ချက်ပြု) လျှောက်ထားသူ တရားရေးဝန်ထမ်း () ဦး၊ ဥပဒေအရာရှိ (၁၁) ဦး၊ ရှေ့နေ အလုပ်သင်ကင်းလွတ်ခွင့်ဖြင့် အထက်တန်းရှေ့နေလျှောက်ထားသူ မြို့နယ်တရားသူကြီးရာထူးမှ သက်ပြည့်အငြိမ်းစားယူခဲ့သူ (၁) ဦး စုစုပေါင်း (၁၃) ဦးနှင့် အထက်တန်းရှေ့နေအဖြစ် စာရင်း တင်သွင်းခွင့်ပြုပါရန် လျှောက်ထားသူများအနက် လျှောက်လွှာပြည့်စုံသည့် ပုဂ္ဂိုလ် (၁၂၈) ဦး၊ စုစုပေါင်း (၁၄၁) ဦး တို့သည် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနခွဲ၏ အမှုလက်ခံဌာန (Intake Counter) တွင် ကြေညာသည့်နေ့မှစ၍ () လ အတွင်း အထက်တန်း ရှေ့နေလိုင်စင် လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာအပ်ပါသည်။

PDF

ကြေညာချက် PDF ဖိုင်

PDF ဖိုင်ကို ဖွင့်ကြည့်ရန် သို့မဟုတ် ဒေါင်းလုဒ်ရယူရန်

PDF ဒေါင်းလုဒ် ↓
AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။