Announcement

Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ

ကြေညာသည့်ရက် 25 Jan 2022 PDF ဖိုင်ပါရှိသည်

ကြေညာချက်အကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇန်နဝါရီ    ၂၅

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်း Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် အခမ်းအနားတက်‌ရောက်လိုကြောင်း လျှောက်ထား လာသူများနှင့် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၃၅၁) ဦး သည်  အခမ်းအနား တက်ရောက်ရမည်ဖြစ်ပါသည်။               

(၃၁-၁-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့် ရရှိသူ (၂၀၀) ဦးသည် (၃၀-၁-၂၀၂၂) ရက်နေ့တွင် အကြိုအခမ်းအနားနှင့် (၃၁-၁-၂၀၂၂) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတို့ကို တက်ရောက်ရမည် ဖြစ်ပါသည်။

(၈-၂-၂၀၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၁၅၁) ဦး သည် (၆-၂-၂၀၂၂) ရက်နေ့တွင် အကြိုအခမ်းအနားနှင့် (၈-၂-၂၀၂၂) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတို့ကို တက်ရောက်ရမည် ဖြစ်ပါသည်။

 အခမ်းအနားနှင့် ပတ်သက်သည့် Zoom Application အသုံးပြုနည်း၊ ID နှင့် Password နံပါတ်၊ ကတိသစ္စာပြုလွှာ တို့ကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ အခမ်းအနား တက်ရောက်ခွင့်ရရှိသူများသည် ပူးတွဲပါ စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း အသိပေးအကြောင်းကြားပါသည်။  

PDF

ကြေညာချက် PDF ဖိုင်

PDF ဖိုင်ကို ဖွင့်ကြည့်ရန် သို့မဟုတ် ဒေါင်းလုဒ်ရယူရန်

PDF ဒေါင်းလုဒ် ↓
AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။