တရားသူကြီးများစာမျက်နှာသို့ ပြန်သွားရန်
Our Judges

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး

Union Chief Justice U Tha Htay

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ကိုယ်ရေးအကျဉ်း

Biography and professional information

ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစ၍ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ဦးသာဌေးသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရပါသည်။

ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးကို ၁၉၅၈ ခုနှစ်တွင်မွေးဖွားခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာပေးစာယူသင်တန်းဖြင့် ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ၂၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးသာဌေးသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။