ကိုယ်ရေးအကျဉ်း
Biography and professional information
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကို ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုသည် ၁၉၅၇ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပါသည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် စတင် ဝင်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တရားရုံး၌ ပြည်နယ်တရားသူကြီးရာထူး အထိ တရားရုံးအဆင့်ဆင့်တွင် (၂၇) နှစ်ကျော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ ၂၀၁၁ ခုနှစ်၊ မတ်လတွင် ကရင်ပြည်နယ်တရားလွှတ်တော်၌ တရားလွှတ်တော် တရားသူကြီး အဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကရင်ပြည်နယ် တရားလွှတ်တော်၌ တရားသူကြီးချုပ်အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရပါသည်။ ဦးသိန်းကိုကိုသည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပါသည်။