တရားသူကြီးများစာမျက်နှာသို့ ပြန်သွားရန်
Our Judges

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့

Justice Thin Thin Nwet

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ကိုယ်ရေးအကျဉ်း

Biography and professional information

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ် ခဲ့ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့သည် ၁၉၅၉ ခုနှစ် တွင် မွေးဖွားခဲ့သူဖြစ်ပါသည်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့ပါသည်။ ထို့နောက် ၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဥပဒေဘွဲ့ (LL.M) ကို ရရှိခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်း အဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး တရားရုံးချုပ် (ရန်ကုန်) ၌ တွဲဖက်ညွှန်ကြားရေးမှူး ရာထူးအထိ တရားရုံး အဆင့်ဆင့်တွင် (၂၈) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ မတ်လ တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားလွှတ်တော် တရားသူကြီးအဖြစ် လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားသူကြီးချုပ်အဖြစ်လည်းကောင်း ခန့်အပ်ခြင်း ခံရပါသည်။ ဒေါ်သင်းသင်းနွဲ့သည် အိမ်ထောင်မရှိသူတစ်ဦး ဖြစ်ပါသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။