ကိုယ်ရေးအကျဉ်း
Biography and professional information
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ပြုံးပြုံးအေးကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ပြုံးပြုံးအေးသည် ၁၉၆၁ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၎င်းသည် ၁၉၈၂ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့နှင့် ၁၉၉၀ ခုနှစ်တွင် မဟာဥပဒေဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ထို့နောက် ၁၉၉၆ ခုနှစ်တွင် နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်ဘာသာ(ဒီပလိုမာ) ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် တရားရေးဝန်ထမ်း အဆင့် (၄) အဖြစ် တရားရေးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်းတရားရုံး တွဲဖက်တိုင်းတရားသူကြီးရာထူးအထိ ၂၇ နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ မတ်လ၊ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရပါသည်။ ဒေါ်ပြုံးပြုံးအေးသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်ပါသည်။