ကိုယ်ရေးအကျဉ်း
Biography and professional information
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၌ ၂၀၁၁ ခုနှစ်တွင် ဒုတိယရုံးအဖွဲ့မှူး (ညွှန်ကြားရေးမှူး) အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ရုံးအဖွဲ့မှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်အဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ် သြဂုတ်လအထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်ကို ၁၉၆၈ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဥပဒေဘွဲ့ကိုလည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင် မဟာဥပဒေဘွဲ့ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ဥပဒေပါရဂူဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဒုတိယရုံးအဖွဲ့မှူးအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်ရာထူးအထိ ၁၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စစ်ဥပဒေချုပ်ရုံးတွင် ဒုတိယလက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ၁၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါက်တာကိုကိုနိုင်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။