ကိုယ်ရေးအကျဉ်း
Biography and professional information
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးဝင်းမြင့်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးဝင်းမြင့်ကို ၁၉၆၁ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ တပ်မတော်တွင် ၁၉၈၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပါသည်။ တရားရေးအရာရှိအဆင့်(၂)အဖြစ် ၁၉၉၉ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့ပြီး တရားသူကြီးနှင့်တရားရေးအရာရှိအဖြစ် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ညွှန်ကြားရေးမှူးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးဝင်းမြင့်သည် ၁၈-၈-၂၀၁၂ မှ ၁၁-၁-၂၀၂၂ အထိ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ်လည်းကောင်း၊ ၁၂-၁-၂၀၂၂ မှ ၁၆-၉-၂၀၂၅ ထိ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီး ဦးဝင်းမြင့်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။