တရားသူကြီးများစာမျက်နှာသို့ ပြန်သွားရန်
Our Judges

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်စိုးခက်ခက်

Justice Daw Soe Khet Khet

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ကိုယ်ရေးအကျဉ်း

Biography and professional information

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်စိုးခက်ခက်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်စိုးခက်ခက်ကို ၁၉၆၁  ခုနှစ်တွင် မွေးဖွားခဲ့ပြီး  ၁၉၈၃ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို  ရရှိခဲ့ပါသည်။ ဒေါ်စိုးခက်ခက်သည် ၁၉၈၄ ခုနှစ်တွင် တရားရေး အရာရှိအဆင့်(၄)အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး တရားရုံးအဆင့်ဆင့်တွင် တရားသူကြီးနှင့်တရားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူး/ညွှန်ကြားရေးမှူးအဆင့်ထိ စုစုပေါင်းလုပ်သက် (၃၄) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်စိုးခက်ခက်သည် ၆-၂-၂၀၁၉ မှ ၁၆-၉-၂၀၂၅ အထိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်စိုးခက်ခက်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။     

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။