တရားသူကြီးများစာမျက်နှာသို့ ပြန်သွားရန်
Our Judges

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းချို

Justice Daw Thin Thin Cho

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ကိုယ်ရေးအကျဉ်း

Biography and professional information

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းချိုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းချိုကို ၁၉၆၃  ခုနှစ်တွင် မွေးဖွားခဲ့ပြီး  ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို  ရရှိခဲ့ပါသည်။ ဒေါ်သင်းသင်းချိုသည် တရားရေးအရာရှိအဆင့်(၄)အဖြစ် ၁၉၈၇ ခုနှစ်တွင် တရားရေးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး တရားရုံးအဆင့်ဆင့်တွင် တရားသူကြီး/တရားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူးအထိ စုစုပေါင်းလုပ်သက် (၃၅) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းချိုသည် ၃၀-၆-၂၀၂၃ မှ ၁၆-၉-၂၀၂၅ အထိ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းချိုသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။