တရားလွှတ်တော်ရှေ့နေများ၊ ရှေ့နေဆိုင်ရာ ကြေညာချက်များ

တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်

28 Nov 2025

အကြောင်းအရာအသေးစိတ်

The Supreme Court of the Union

နေပြည်တော်၊ နိုဝင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားတက်ရောက်ရန် ကြေညာထားသူများအနက် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၁၂၀) ဦးသည်  အခမ်းအနားတက်ရောက် ရမည်ဖြစ်ပါသည်။           

(၁၀-၁၂-၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ(၁၂၀)ဦးသည် (၉-၁၂-၂၀၂၅) ရက်နေ့တွင် ပြုလုပ်မည့် “ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာ‌ပေးသင်တန်း” နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်း ကိုလည်းကောင်း၊ (၁၀-၁၂-၂၀၂၅) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကိုလည်းကောင်း လူကိုယ်တိုင် တက်ရောက်ရမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားပါသည်။

 

အမည်စာရင်းအားကြည့်ရှုရန်

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။