တရားလွှတ်တော်ရှေ့နေများ၊ ရှေ့နေဆိုင်ရာ ကြေညာချက်များ

(၁၇-၁၂-၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်

01 Dec 2025

အကြောင်းအရာအသေးစိတ်

The Supreme Court of the Union

နေပြည်တော်၊ ဒီဇင်ဘာ ၁

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားတက်ရောက် ရန် ကြေညာထားသူများအနက် အထက်တန်းရှေ့နေလိုင်စင်မူရင်းများပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၈၀) ဦးသည်  အခမ်းအနားတက်ရောက်ရမည်ဖြစ်ပါသည်။             

(၁၇-၁၂-၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၈၀) ဦးသည် (၁၆-၁၂-၂၀၂၅) ရက်နေ့တွင် ပြုလုပ် မည့် “ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာ‌ပေးသင်တန်း” နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်းကို လည်းကောင်း၊  (၁၇-၁၂-၂၀၂၅) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကိုလည်းကောင်း လူကိုယ်တိုင် တက်ရောက် ရမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

 

ကြေညာချက်အားဖတ်ရှုရန်

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။