တရားလွှတ်တော်ရှေ့နေများ၊ ရှေ့နေဆိုင်ရာ ကြေညာချက်များ

(၇-၁-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများကြေညာချက်

10 Dec 2025

အကြောင်းအရာအသေးစိတ်

The Supreme Court of the Union

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားတက်ရောက်ရန် ကြေညာထားသူများအနက် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၁၁၉) ဦးသည်  အခမ်းအနားတက်ရောက်ရမည်ဖြစ်ပါသည်။           

(၇-၁-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၁၁၉) ဦးသည် (၆-၁-၂၀၂၆) ရက်နေ့တွင် ပြုလုပ်မည့် “ရှေ့နေ ရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာ‌ပေးသင်တန်း” နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်းကိုလည်းကောင်း၊ (၇-၁-၂၀၂၆) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကိုလည်းကောင်း လူကိုယ်တိုင် တက်ရောက်ရမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

 

 

အမည်စာရင်းအားကြည့်ရှုရန်

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။