အကြောင်းအရာအသေးစိတ်
The Supreme Court of the Union
နေပြည်တော်၊ ဒီဇင်ဘာ ၃၀
၂၀၂၄ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အထက်တန်းရှေ့နေ လျှောက်ထားသော လျှောက်လွှာပြည့်စုံသူ အောက်ပါ အလုပ်သင်ရှေ့နေ (၉၅) ဦး တို့သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ပြုလုပ်မည့် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရမည်ဖြစ်ပါသည်။
အခမ်းအနား တက်ရောက်ခွင့်ရရှိသူ (၉၅) ဦးသည် ၃၁-၁-၂၀၂၆ (စနေနေ့) နံနက် ၉း၀၀ နာရီတွင် ပျဉ်းမနားခရိုင်တရားရုံးသို့ လူက်ိုယ်တိုင် မပျက်မကွက် တက်ရောက်ရမည်ဖြစ်ပြီး လက်မှတ်ပေးအပ်ပွဲ မတိုင်မီတွင် “ရှေ့နေကျင့်ဝတ်သိက္ခာ နှင့် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း” ကို တစ်ဆက်တည်း ပြုလုပ်သွားမည်ဖြစ်ပါသည်။