တရားလွှတ်တော်ရှေ့နေများ၊ ရှေ့နေဆိုင်ရာ ကြေညာချက်များ

(၁၂-၅-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်

21 Apr 2026 PDF ဖိုင်ပါရှိသည်

အကြောင်းအရာအသေးစိတ်

The Supreme Court of the Union

နေပြည်တော်၊  ဧပြီ  ၂၁ 

 

(၁၂-၅-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၁၃၈) ဦးသည်  အခမ်းအနားတက်ရောက် ရမည်ဖြစ်ပါသည်။                  

အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၁၃၈) ဦးသည် (၁၁-၅-၂၀၂၆) ရက်နေ့တွင်ပြုလုပ်မည့် “ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာ‌ပေးသင်တန်း နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်းကိုလည်းကောင်း၊  (၁၂-၅-၂၀၂၆) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကိုလည်းကောင်း လူကိုယ်တိုင်တက်ရောက်ရမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

အမည်စာရင်းအားကြည့်ရှုရန်
PDF ကြည့်ရန် / ဒေါင်းလုဒ်
AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။