အကြောင်းအရာအသေးစိတ်
The Supreme Court of the Union
နေပြည်တော်၊ မေ ၅
အထက်တန်းရှေ့နေ လျှောက်ထားသော လျှောက်လွှာပြည့်စုံသူ အောက်ပါ အလုပ်သင်ရှေ့နေ (၁၁၃) ဦး တို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရမည်ဖြစ်ပါသည်။
(၁၂-၆-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၁၁၃) ဦးသည် (၁၁-၆-၂၀၂၆) ရက်နေ့တွင် ပြုလုပ်မည့် “ရှေ့နေကျင့်ဝတ်သိက္ခာ နှင့် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း” နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်းကို လည်းကောင်း၊ (၁၂-၆-၂၀၂၆) ရက်နေ့တွင် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ်ပေးအပ်ပွဲကိုလည်းကောင်း တက်ရောက်ရမည် ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။