ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

06 Jun 2022

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇွန် ၆

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးမျိုးတင့်၊  ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို        တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၁ (မန္တလေး) ကို ကြားဖြတ်အမိန့်ချမှတ်ပြီး၊ တရားမအထူးအယူခံမှုအမှတ် ၁၇/၂၀၂၀ (ရန်ကုန်)၊ ၁၈/၂၀၂၀ (ရန်ကုန်) နှင့် ၇/၂၀၂၂ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၀/၂၀၂၁ (ရန်ကုန်) နှင့် တရားမ အထူးအယူခံမှုအမှတ်  ၂၅/၂၀၂၁ (တနင်္သာရီ)၊ ၂၆/၂၀၂၁ (တနင်္သာရီ)၊ ၃၁/၂၀၂၁ (မန္တလေး) နှင့် ၈/၂၀၂၂ (ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄)မှု တို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။