သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ အောက်တိုဘာ ၁၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ်၊ ၃/၂၀၂၁ (မကွေး)၊ ၁၅/၂၀၂၁ (ရန်ကုန်)၊ ၄၁/၂၀၂၀ (မွန်)၊ ၂၁/၂၀၂၂ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၃/၂၀၂၂ (ဧရာဝတီ)၊ ၄/၂၀၂၂ (ရန်ကုန်)၊ ၅/၂၀၂၂ (ရန်ကုန်)၊ ၆/၂၀၂၂ (ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီရုံးထိုင်ကြားနာခဲ့သည်။