ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

14 Nov 2022

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ နိုဝင်ဘာ ၁၄

ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးမောင်၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၃/၂၀၂၂ (ဧရာဝတီ)၊ ၄/၂၀၂၂ (ရန်ကုန်)၊ ၅/၂၀၂၂ (ရန်ကုန်)၊ ၆/၂၀၂၂ (ရန်ကုန်) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၄) မှု နှင့် တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၀ (မန္တလေး)၊ ၄/၂၀၂၂ (ရခိုင်)၊ ၂၅/၂၀၂၂ (ရန်ကုန်)၊ ၂၈/၂၀၂၂ (မန္တလေး)၊ ၂၉/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၅/၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၂ (ရန်ကုန်)၊ ၂၃/၂၀၂၂ (ရန်ကုန်)၊ ၃၁/၂၀၂၂ (ရခိုင်) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို   ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။