သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ ဒီဇင်ဘာ ၂၂
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ-၆၇ အရ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ်အား မွန်ပြည်နယ်အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အကျဉ်းထောင်တာဝန်ခံတို့က အကျဉ်းထောင်၏ ဦး၊ ရေး၊ ထောက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် နှစ်ရှည်ထောင်ကျအကျဉ်းသားများ၊ အမှုစစ်ဆေးဆဲအချုပ်သားများနှင့်တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်အတွင်း နေရာထိုင်ခင်းသက်သာချောင်ချိမှုရှိ/မရှိ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေရရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။