ကြန့်ကြာအချုပ်တရားခံအမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

13 Jun 2023

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇွန် ၁၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ဧရာဝတီတိုင်း‌ဒေသကြီးနှင့် ပြည်နယ်အတွင်းရှိတရားရုံးများ၏ ကြန့်ကြာအချုပ်တရားခံအမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက် (တနင်္လာနေ့)၊ နံနက် (၈၀:၀၀) အချိန်တွင်  ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။    

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကြန့်ကြာအချုပ်တရားခံအမှုများနှင့်စပ်လျဉ်း၍ အမှုတစ်မှုချင်းအလိုက် ကြန့်ကြာရသည့်အ‌ကြောင်း၊ တွေ့ကြုံရသည့်အခက်အခဲများကိုတင်ပြဆွေးနွေးကြရာ ညွှန်ကြားရေးမှူးချုပ်က အခက်အခဲများအားဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများကိုလမ်းညွှန်မှာကြားပြီး ကြန့်ကြာနေသောအမှုများအမြန်ပြီးပြတ်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ တိုင်း‌ဒေသကြီးနှင့်ပြည်နယ်တရားရေးဦးစီးမှူးများအနေဖြင့် သက်ဆိုင်ရာတရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များနှင့်လည်း လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (တရားစီရင်ရေး)၊ ပြစ်မှုတရားစီရင်ရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ဧရာဝတီတိုင်း‌ဒေသကြီးနှင့်ပြည်နယ်တရားရေးဦးစီးမှူးများ၊  ခရိုင်နှင့်မြို့နယ်အဆင့်တရားသူကြီးများ စုစုပေါင်း (၇၈) ဦး တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။