ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

18 Sep 2023

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ စက်တင်ဘာ ၁၈

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော   ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၇/၂၀၂၂ (ရန်ကုန်)၊ ၃၈/၂၀၂၂ (ရန်ကုန်)၊ ၃၉/၂၀၂၂ (ရန်ကုန်)၊ ၅၇/၂၀၂၂ (ရှမ်း)၊ ၄၀/၂၀၂၂ (စစ်ကိုင်း)၊ ၃/၂၀၂၃ (ရှမ်း)၊ ၄/၂၀၂၃ (ရှမ်း)၊ ၁၀၃/၂၀၁၉ (မန္တလေး)၊ ၂၀/၂၀၂၁ (ကချင်) နှင့် ၄၆/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၁၀) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၂ (ရခိုင်)၊ ၄၅/၂၀၂၂ (ရခိုင်)၊ ၆/၂၀၂၃ (ပဲခူး)၊ ၁၂/၂၀၂၃ (မန္တလေး) နှင့် ၁၄/၂၀၂၃ (မကွေး)၊ စုစုပေါင်း တရားအထူးအယူခံမှု (၅) မှုတို့ကို  ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။