သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ အောက်တိုဘာ ၆
တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ သင်တန်းခန်းမ၌ ယနေ့နေ့လယ် (၂း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင် တက်ရောက်၍ အမှာစကားပြောကြားသည်။
ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ဌာနတွင်းရှိ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်အတွက် ယခုလို သင်တန်းများကို ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားခြင်းဟာ ဌာနရဲ့ စွမ်းဆောင်ရည် မြင့်မားခြင်းဖြစ်ပြီး ဌာနရဲ့ စွမ်းဆောင်ရည်တိုးတက်မြင့်မားခြင်းဟာ နိုင်ငံတော်ရဲ့မူဝါဒများကို အကောင်အထည်ဖော်ရာမှာ ပိုမိုအထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းများကို ကာယအင်အား၊ ဉာဏအင်အား၊ အချိန်နှင့် ငွေကြေးအကုန်အကျခံကာ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ရုံးလုပ်ငန်းတာဝန်များ မအားလပ်သည့်ကြားမှ သင်တန်းဆရာများမှ လာရောက်သင်ကြားပေးရခြင်းဖြစ်သလို သင်တန်းသား/သူများမှာလည်း လုပ်ငန်းတာဝန် တစ်ဖက်ဖြင့် သင်ယူကြရခြင်းဖြစ်၍ ပိုမိုအားစိုက်ထုတ်ကြရသည်ကို အသိ အမှတ်ပြုပါကြောင်း၊ သင်တန်းတွင် ပို့ချပေးလိုက်သည့် သင်ခန်းစာများ၊ အသိပညာနှင့် ဗဟုသုတများကို လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူ ဒေါ်ဆုမွန်အား ညွှန်ကြားရေးမှူးချုပ်က ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လေ့ကျင့်ဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများအား ပေးအပ်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူ အမှုထမ်း(၁၄)ဦးတို့ တက်ရောက်ကြသည်။ သင်တန်းကာလမှာ (၁၁-၉-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃)ရက်နေ့အထိ ရက်သတ္တ(၄)ပါတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။