သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ အောက်တိုဘာ ၉
မြို့နယ်အဆင့်တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အတွေ့အကြုံဗဟုသုတများ မျှဝေနိုင်ရန်ရည်ရွယ်၍ မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၇-၁၀-၂၀၂၃ ရက်နေ့နံနက် (၉း၀၀) နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက တက်ရောက် အမှာစကားပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်း ကိစ္စရပ်များဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မိမိစိန်က မူပိုင်ခွင့်ဥပဒေများအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးခွန်ဖြူက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏ အခြေခံမူသဘော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်း ကိစ္စရပ်များဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းဝင်းမာက ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၏ အခြေခံမူသဘော ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိ (၁၄) ဦး၊ မြို့နယ်အဆင့်တရားသူကြီး (၇၃၉)ဦး နှင့် ခရိုင်တရားရုံးများ ၊ တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များမှ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးများ (၆၆) ဦးအပါအဝင် တရားရေးအရာရှိ စုစုပေါင်း(၈၁၉) ဦးတို့ တက်ရောက်ခဲ့ကြသည်။