ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် Denmark-Myanmar ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်အရ Refresher Training and Roll-out Training Workshop ကျင်းပ

07 Mar 2020

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော် မတ် ၇

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်အရ “Refresher Training and Roll-out Training Workshop” ကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြိုင် က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲကို တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်များအပေါ် တရားစီရင်ရေး ဆိုင်ရာသင်တန်းများ ပို့ချရန်အတွက် မဟာဗျူဟာစီမံကိန်း ရည်မှန်းချက်  ၄.၁.၁ တွင် ပါရှိသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ နည်းပြများကို မွမ်းမံ သင်တန်းပေးခြင်းနှင့် ၎င်းတို့မှ Pilot Training ဖြင့် ပြန်လည်ပို့ချခြင်း၊ နိုင်ငံတကာ ကျွမ်းကျင်သူများမှ နည်းပညာအထောက်အပံ့များပေးခြင်းနှင့် သင်ထောက်ကူ ပစ္စည်းများတိုးမြှင့်ထောက်ပံ့ခြင်းတို့အတွက် ကျင်းပခြင်းဖြစ်ပြီး အဆိုပါအခမ်း အနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များမှ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်တရားသူကြီးများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့မှ ဥပဒေရေးရာကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။