ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

20 May 2024

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ မေ ၂၀

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံး‌အေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် /၂၀၂(မန္တလေး) နှင့် ၂/၂၀၂၄ (ပဲခူး)၊ တရားမအထူးအယူခံမှုအမှတ် ၄၅/၂၀၂ (ရန်ကုန်)၊ ၄၆/၂၀၂ (မန္တလေး)၊ ၄၇/၂၀၂၃(မန္တလေး)၊ ၄၈/၂၀၂၃(မန္တလေး)၊ ၄၉/၂၀၂၃ (ရှမ်း)၊ ၇/၂၀၂၄ (ရန်ကုန်)နှင့် ၁၀/၂၀၂၄ (ဧရာဝတီ)စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှု နှင့် တရားမအထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် /၂၀၂(မကွေး)၊ ၁၁/၂၀၂(မန္တလေး)၊ ၁၂/၂၀၂(ရန်ကုန်)၊ ၁၆/၂၀၂(မန္တလေး) နှင့် ၁၇/၂၀၂(မန္တလေး)စုစုပေါင်းတရားမအထူးအယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။