ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

09 Sep 2024

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊  စက်တင်ဘာ  

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးခင်မောင်ကြီး၊ ‌ဒေါ်ခင်မေရီ၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၆/၂၀၂၄ (မန္တလေး)၊ ၇/၂၀၂၄ (မန္တလေး)၊ ၈/၂၀၂၄ (မန္တလေး)၊ ၉/၂၀၂၄ (မန္တလေး)၊ ၁၀/၂၀၂၄ (မန္တလေး)၊ ၁၁/၂၀၂၄ (မန္တလေး)၊ ၁၂/၂၀၂၄ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ် ၃၈/၂၀၂၄ (စစ်ကိုင်း)၊ ၄၇/၂၀၂(ရန်ကုန်)စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၇) မှုနှင့် တရားမအထူးအယူခံမှု (၂) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၃၆/၂၀၂၄ (မန္တလေး)၊ ၄၃/၂၀၂(ရန်ကုန်)၊ ၄၄/၂၀၂(ရန်ကုန်)၊ ၄၈/၂၀၂(ရန်ကုန်)၊ ၄၉/၂၀၂(မွန်)၊ ၅၁/၂၀၂(ရန်ကုန်)စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။