ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

23 Sep 2024

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊   စက်တင်ဘာ  ၂၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးခင်မောင်ကြီး၊ ‌ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၆/၂၀၂၄ (မန္တလေး)၊ ၄၃/၂၀၂၄ (ရန်ကုန်)၊ ၄၄/၂၀၂၄ (ရန်ကုန်)၊ ၄၈/၂၀၂၄ (ရန်ကုန်)၊ ၄၉/၂၀၂၄ (မွန်)၊ ၅၁/၂၀၂၄ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၄၁/၂၀၂၄ (ဧရာဝတီ)၊  ၅/၂၀၂(ရှမ်း)၊  ၃၁/၂၀၂(မန္တလေး)၊ ၅၀/၂၀၂(မွန်)၊ ၅၄/၂၀၂(ပဲခူး)၊ ၆၃/၂၀၂(ဧရာဝတီ)စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုတို့ကို ရုံးထိုင်ကြားနာသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။