သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ အောက်တိုဘာ ၃၁
တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့လည် ၁း၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူ (၁၁) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၉) ပတ် ကြာမြင့်မည်ဖြစ်ပါသည်။
Naypyitaw, Oct 31
The Chief Justice of the Union, U Tha Htay, delivered a speech at the opening ceremony of the Refresher Course for Senior Judicial Officers No. (3/2024), which was held in this afternoon at 13:00 PM at the meeting hall of the Supreme Court of the Union.
The ceremony was attended by the Chief Justice of the Union together with the Justices of the Supreme Court of the Union, and the Permanent Secretary, Director Generals, Deputy Permanent Secretary, Deputy Director Generals, Directors, and a total of 11 trainees including 5 male and 6 female trainees. The training period will last for 9 weeks, from 31 October 2024 to 31 December 2024.