ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

02 Dec 2024

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊  ဒီဇင်ဘာ  

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ‌ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၄ (ရန်ကုန်)၊ ၄၁/၂၀၂၄ (ဧရာဝတီ)၊ ၄၅/၂၀၂၄ (ရန်ကုန်)၊ ၄၆/၂၀၂၄ (ရန်ကုန်)၊ ၇၁/၂၀၂၄ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၅၉/၂၀၂၄ (ရန်ကုန်)၊  ၆၀/၂၀၂(ရန်ကုန်)၊ ၆၁/၂၀၂(ရန်ကုန်)၊ ၆၈/၂၀၂(ရန်ကုန်)၊ ၇၂/၂၀၂(မွန်)စုစုပေါင်း တရားမ အထူးအယူခံမှု (၅)မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။