ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

20 Jan 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇန်နဝါရီ ၂၀

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၄/၂၀၂၄ (ရှမ်း)နှင့် တရားမအထူးအယူခံမှုအမှတ် ၇၀/၂၀၂(မန္တလေး)၇၃/၂၀၂(မွန်)၊ ၇၄/၂၀၂(စစ်ကိုင်း) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၃) မှုတို့ကို စီရင်ချင်ချမှတ်သည်။ ထို့ပြင် တရားမအတူးအယူခံမှုအမှတ် ၅၈/၂၀၂၄ (ရန်ကုန်)၊ ၅၉/၂၀၂၄ (ရန်ကုန်)၊ ၆၀/၂၀၂၄ (ရန်ကုန်)၊ ၆၁/၂၀၂၄ (ရန်ကုန်)၊ ၇၅/၂၀၂၄ (ရန်ကုန်)၊ ၇၇/၂၀၂၄ (ဧရာဝတီ)၊ စုစုပေါင်းတရားမအထူးအယူခံမှု (၆) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။