ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

17 Feb 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊   ဖေဖော်ဝါရီ  ၁၇

 ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊‌ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၅၈/၂၀၂၄ (ရန်ကုန်)၊ ၅၉/၂၀၂၄ (ရန်ကုန်)၊ ၆၀/၂၀၂၄ (ရန်ကုန်)၊ ၆၁/၂၀၂၄ (ရန်ကုန်)၊ ၇၅ /၂၀၂၄ (ရန်ကုန်)၊ ၇၇ /၂၀၂၄ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၆)မှု တို့ကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၅/၂၀၂၄ (ရန်ကုန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၇၉/၂၀၂၄ (မန္တလေး)၊ ၈၁/၂၀၂၄ (မကွေး)၊ ၈၂/၂၀၂၄(မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု(၁) မှုနှင့်တရားမအထူးအယူခံမှု (၃)မှု တို့ကို  ရုံးထိုင်ကြားနာခဲ့ကြောင်းသတင်းရရှိသည်။

 

 

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။