ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

24 Mar 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊  မတ်   ၂၄

ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး  တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၆/၂၀၂၄ (ကရင်)၊ ၁၇/၂၀၂၄ (ရန်ကုန်)၊ ၁/၂၀၂၅ (မန္တလေး) နှင့် ၂/၂၀၂၅ (မန္တလေး)၊  စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၈၀/၂၀၂၄ (ရန်ကုန်)၊ ၁/၂၀၂၅ (မကွေး)၊ ၂/၂၀၂၅ (ရန်ကုန်) နှင့် ၃/၂၀၂၅ (မွန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု  (၄) မှုတို့ကို  ရုံးထိုင်ကြားနာခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။