မလေးရှားနိုင်ငံ၏ တရားသူကြီးချုပ်အသစ်ခန့်အပ်သည့် အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်တက်ရောက်ခြင်း

06 Aug 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဩဂုတ် ၆

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လည် ၁း၃၀ နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် The Right Honourable The Chief Justice of Malaysia DATO’ WAN AHMAD FARID BIN WAN SALLEH အား မလေးရှားနိုင်ငံ၏ တရားသူကြီးချုပ်အဖြစ် ခန့်အပ်သည့်အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက online ဖြင့်  တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အင်ဒိုနီးရှားသမ္မတနိုင်ငံတရားသူကြီးချုပ်၊ တူရကီနိုင်ငံတရားလွှတ်တော်ချုပ်၏ ဥက္ကဋ္ဌ၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံတရားသူကြီးချုပ်၏ ကိုယ်စားလှယ်နှင့် ကာတာနိုင်ငံတရားသူကြီးချုပ်၏ ကိုယ်စားလှယ်တို့လည်း online ဖြင့်တက်ရောက်ခဲ့ကြပါသည်။  

ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။