စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဥ် (၂/၂၀၂၅) ဖွင့်လှစ်ပို့ချခြင်း

23 Aug 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဩဂုတ်  ၂၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနက စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဥ် (၂/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် (စနေနေ့)၊ နံနက် ၀၉ : ၀၀ နာရီ မှ  ၁၂ : ၀၀ နာရီထိ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ပို့ချသည်။

လုပ်ငန်းကျွမ်းကျင်မှုသင်တန်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ဒုတိယညွှန်ကြား‌ရေးမှုးချုပ်နှင့် အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန ညွှန်ကြားရေးမှူးတို့က တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ စေ့စပ်ဖြေရှင်းရေးဌာန၏အခန်းကဏ္ဍ၊ စေ့စပ်‌ဖြေရှင်းရေးအရာရှိ၏အခန်းကဏ္ဍ၊ တရားရုံး၏အခန်းကဏ္ဍ၊ အမှုသည်များ၏အခန်းကဏ္ဍ၊ ရှေ့နေများ၏အခန်းကဏ္ဍတို့ကို ဆွေးနွေးပို့ချသည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုးုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူးအပါအဝင် (၇) ဦး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်အသီးသီးမှ တရားသူကြီး / တရားရေးအရာရှိများ (၆၆၅) ဦး၊ စေ့စပ်ဖြေရှင်းရေးဌာနတာဝန်ခံများနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများ (၄၇) ဦး၊ စုစုပေါင်း (၇၂၀) ဦး တက်ရောက်သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။