ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

13 Oct 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ အောက်တိုဘာ ၁၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသိန်းကိုကို၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်အမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံးရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၄/၂၀၂၅ (ရန်ကုန်)၊ ၅/၂ဝ၂၅ (ပဲခူး) နှင့် တရားမအထူးအယူခံမှုအမှတ် ၄/၂၀၂၅ (ရန်ကုန်)၊ ၂၆/၂ဝ၂၅ (ရန်ကုန်)၊ ၂၇/၂ဝ၂၅ (ဧရာဝတီ)၊ ၂၉/၂ဝ၂၅ (စစ်ကိုင်း)၊ ၃၀/၂၀၂၅ (ရှမ်း)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၆/၂ဝ၂၅ (မွန်)၊ ၇/၂၀၂၅ (မွန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၃၁/၂ဝ၂၅ (မန္တလေး)၊ ၃၂/၂ဝ၂၅ (မန္တလေး)၊ ၃၃/၂ဝ၂၅ (ကချင်) နှင့် ၃၄/၂ဝ၂၅ (ကချင်)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။