ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

27 Oct 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ အောက်တိုဘာ ၂၇

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးသောင်းနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံးရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၆/၂၀၂၅ (မွန်)၊ ၇/၂၀၂၅ (မွန်) နှင့် တရားမ အထူးအယူခံမှုအမှတ် ၃၁/၂၀၂၅ (မန္တလေး)၊ ၃၂/၂၀၂၅ (မန္တလေး)၊ ၃၃/၂၀၂၅ (ကချင်)၊ ၃၄/၂၀၂၅ (ကချင်) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၆/၂၀၂၅ (မန္တလေး)၊ ၂၃/၂၀၂၅ (ရန်ကုန်)၊ ၂၄/၂၀၂၅ (ရှမ်း) နှင့် ၂၅/၂၀၂၅ (မန္တလေး)  စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။