သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ နိုဝင်ဘာ ၂၀
ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ သင်တန်းကို Hotel Max ၊နေပြည်တော်၌ ယမန်နေ့ နံနက် (၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်တက်ရောက်၍ အမှာစကားပြောကြားသည်။
သင်တန်းတွင် amL/cft နှင့် ရှေ့နေရှေ့ရပ်များ၏ကဏ္ဍ၊ amL/cft တွင် မြန်မာနိုင်ငံ၏ကဏ္ဍ၊ str Red Flag Indicator Typologies နှင့် သံသယဖြစ်ဖွယ် လွှဲပြောင်းဆောင်ရွက်မှု သတင်းပေးပို့ချက် (STR) အကြောင်း၊ CDD/EDD အကြောင်း၊ TF/TFS နှင့် PF/TFS အကြောင်း၊ အကျိုးခံစားခွင့်ရှိသူပိုင်ရှင် (Beneficial Ownership - BO) ဖော်ထုတ်ခြင်းအကြောင်းများကို ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။
သင်တန်းသို့ ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်၊ ပြင်ဦးလွင်မြို့၊ စစ်ကိုင်းမြို့တို့မှ ရှေ့နေရှေ့ရပ်များ စုစုပေါင်း ( ၇၀ ) ဦး တက်ရောက်ကြ၍ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် AML/CFT Working Group ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးအောင်ကျော်မိုးတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် amL/cft အမျိုးသားအဆင့် မဟာဗျူဟာဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၂၅ခုနှစ်) ၏ လုပ်ငန်းအစီအစဉ် ၂.၆.၂၊ ၃.၁.၁၊ ၃.၂.၂.၊ ၃.၂.၄၊ ၃.၃.၂ တို့အရ ဆောင်ရွက်ပေးခြင်းဖြစ်သည်။