ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

24 Nov 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ နိုဝင်ဘာ ၂၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်သင်းသင်းနွဲ့၊ ဒေါက်တာကိုကိုနိုင်၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချိုတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံးရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၆/၂၀၂၅ (မန္တလေး)၊ ၂၃/၂၀၂၅ (ရန်ကုန်)၊ ၂၄/၂၀၂၅ (ရှမ်း)၊ ၂၅/၂၀၂၅ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၂၁/၂၀၂၅ (မကွေး)၊ ၃၅/၂၀၂၅ (ဧရာဝတီ)၊ ၃၆/၂၀၂၅ (မကွေး)၊ ၃၉/၂၀၂၅ (ရန်ကုန်)၊ ၄၀/၂၀၂၅ (မန္တလေး)၊ ၄၄/၂၀၂၅ (မကွေး) စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။