ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆ ခုနှစ်) ရေးဆွဲထုတ်ပြန်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

26 Nov 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ နိုဝင်ဘာ ၂၆

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) အား နှစ်အလိုက်လုပ်ငန်းအစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၆ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ စတုတ္ထနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆ ခုနှစ်) အား ရေးဆွဲထုတ်ပြန်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လ ၂၆ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ Hybrid System ဖြင့် ကျင်းပရာ မဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင်တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် စတုတ္ထနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၆ ခုနှစ်)  မူကြမ်းအား လုပ်ငန်းအဖွဲ့မှတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ စတုတ္ထနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်ရေးဆွဲရေး လုပ်ငန်းအဖွဲ့အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တရားရေးဦးစီးမှူးများ တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။