ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်းပြုလုပ်

03 Dec 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၃

 

“ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း” ကို ဇေယျာသီရိခရိုင် တရားရုံး၌ ယမန်နေ့ နေ့လည် ၂း၀၀ နာရီတွင် ပြုလုပ်ရာ ၃-၁၂-၂၀၂၅ ရက်နေ့တွင် ပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲသို့ လက်မှတ်ရယူကြမည့် အထက်တန်းရှေ့နေ ( ၁၁၅ ) ဦးတို့ တက်ရောက်ကြသည်။

သင်တန်းတွင် AML/CFT နှင့် ရှေ့နေရှေ့ရပ်များ၏ကဏ္ဍ၊ သတင်းပေးပို့ရန်တာဝန်များကို ညွှန်ကြားရေးမှူးချူပ် ဒေါ်တင်နွယ်စိုးကလည်းကောင်း၊ AML/CFTတွင် မြန်မာနိုင်ငံ၏ကဏ္ဍနှင့် နိုင်ငံတကာစံနှုန်းများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးကလည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML / CFT ဆိုင်ရာ လုပ်ငန်းများနှင့်ရှေ့နေ့ရှေ့ရပ်များ လိုက်နာရန်တာဝန်ကို  ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထွေးကလည်းကောင်း အသီးသီးဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါသင်တန်းသည် ငွေကြးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ AML/CFT အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၅ ခုနှစ်) တို့အရ ဆောင်ရွက်ခြင်းဖြစ်သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။